လက်ပံတန်း မြို့နယ်၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ

လက်ပံတန်း အောက်တိုဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက ဂွေးတောက်ကွင်း ကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၁၅၈)၊ ဦးပိုင်အမှတ် (၆၀/၂) တောင်သူဦးတင်ဝင်း၏ ​မိုးစပါးစိုက်ပျိုးလယ်မြေ စပါးစံပြကွက်တွင် ကျင်းပခဲ့သည်။

မိုးစပါးရိတ်သိမ်းပွဲသို့ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မာမာအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဂွေးတောက်ကွင်းကျေးရွာအုပ်စု တောင်သူဦးတင်ဝင်း၏ GW-11 မျိုး မိုးစပါးစံပြကွက်  ရိတ်သိမ်းကြရာ တစ်ဧကအထွက်နှုန်း ၁၁၅ တင်းနှုန်းထွက် ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)