အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ် ရဲစခန်းမှူးရုံးများသို့ သွားရောက် ၍ စာအုပ်/စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Oct 20,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ဒေသဖွံဖြိုးရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီ ၃၀ မိနစ် အချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြား ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Oct 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ စဉ်ဆက်မပြတ်တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီက  စဉ့်ဝင်ကျေးရွာအုပ်စု ဟိုတင့် အ.မ.ကနှင့် တင်ကုန်းအ.မ.ကသို့ သုတ/ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
Oct 20,2022
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က) ကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Oct 20,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ (၁၀၂) နှစ်မြောက်အမျိုးသား‌အောင်ပွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့၊ နံနက်ပိုင်းက ဘင်လှိုင်ရပ်ကွက်ရှိ အမက (ဘင်လှိုင်အောက်) ကျောင်း၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲတို့ကို ပြုလုပ်ပေးခဲ့ကြသည်။
Oct 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့ ပြည်သူ့ဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်းလီမိတက်မှ အသင်းသားများအား စုဆောင်းငွေအပေါ် အတိုးငွေများနှင့် လူမှုထောက်ပံ့ကြေးများ ထုတ်ပေး ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်၍ မြို့နယ် ပြည်သူ့ဝန်ထမ်းများ ငွေစုငွေချေး သမဝါယမအသင်း လီမိတက်ရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Oct 20,2022
ရေဖြူဒေသ၌ ရာဘာပင်ပြီးလျှင် ဒုတိယနှစ်ရှည်ပင်သီးနှံအဖြစ် ကွမ်းသီးပင်ကို စိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုကြသည်။