ရေဖြူ အောက်တိုဘာ ၂၀
ရေဖြူဒေသ၌ ရာဘာပင်ပြီးလျှင် ဒုတိယနှစ်ရှည်ပင်သီးနှံအဖြစ် ကွမ်းသီးပင်ကိုစိုက်ပျိုးကာ အသက်မွေးဝမ်းကြောင်းပြုကြသည်။
ယခုနှစ်တွင် ကွမ်းသီးများအမှည့်စောပြီး မိုးရာသီမကုန်ခင်ကတည်းကပင် ကွမ်းသီးမှည့်များ ခူးနေပြီဖြစ်ပါသည်။
မိုးရာသီတွင် ကွမ်းသီးတစ်လုံးကို အကြီး ၃၇ ကျပ်စျေးနှင့် အငယ်တစ်လုံးကို ၂၀ ကျပ်ရရှိနေသော်လည်း ယခုအောက်တိုဘာလ ကွမ်းသီးလှိုင်လှိုင်ထွက်လာချိန်တွင် ကွမ်းသီးဒိုင်များမှ ကွမ်းသီးအဝယ်နားထားကြောင်း သိရသည်။ (ဃ)ရပ်ကွက် ကွမ်းသီးရောင်းဝယ်ရေးလုပ်ငန်းတစ်ခုက ကွမ်းသီးအလုံးစိုဝယ်တာနားထားကြောင်း အခြောက်တစ်ပိဿာလျှင် ၄၅၀၀ ကျပ်စျေးဖြင့်သာဝယ်ကြောင်း သိရသည်။ ယခင်နှစ်က ရာသီအဖွင့်တွင် တစ်ပိဿာ ၇၀၀၀ ကျပ်စျေးရရှိခဲ့ပြီး ရာသီအကုန်တွင် ၆၀၀၀ ကျပ်စျေးဖြင့် စျေးရခဲ့ကြောင်း သိရသည်။
ကွမ်းသီးခြံရှင်များကမူ လိုချင်သည့်စျေးမရရှိသေးသည့်အတွက် အခြမ်းခြောက်များမရောင်းသေးဘဲ စျေးတက်သည့်အချိန်မှသာ ရောင်းချကြမည်ဖြစ်ကြောင်း သိရသည်။
ခတ္တာ