အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2022
စစ်ကိုင်း​တိုင်းဒေသကြီး​၊ ရွှေဘိုခရိုင်၊ ​ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ရွှေဘိုခရိုင် အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့ ပူးပေါင်းကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆွေးနွေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အ​ခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 20,2022
မန္တလေးတိုင်းဒေသကြီး၊    ကျောက်ဆည်မြို့၊   စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့မွန်းလွဲ (၁) နာရီက (၄၃၈၁၇၂)ဦး ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ဝက်ထီးကန်တိုက်နယ်ရှိ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း(ဝက်ထီးကန်)၌ စေတနာ့ဝန်ထမ်းမူးယစ်ကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို
Oct 20,2022
ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်နှင့် လွယ်ဂျယ်နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာ-တရုတ် ကုန်စည်စီးဆင်းရာတွင် လွယ်ကူလျင်မြန်ပြီး ပုံမှန်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Oct 20,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံဧက ၅၅၄၁၈ ဧက စိုက်ပျိုးပြီးစီးပြီးနေပြီဖြစ်ကြောင်း ကန့်ဘလူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အတွင်း အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များအား e-ID ကွန်ပျူတာဆော့ဖ်ဝဲ (software) ရေးသွင်းခြင်းလုပ်ငန်း‌ ဆောင်ရွက်မှုတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပရာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးနှင့် ဂုဏ်ပြုခံဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
Oct 20,2022
ပြင်ဦးလွင်မြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြင်ဦးလွင်မြို့မစျေးကြီးလမ်းဆုံ လူစည်ကားရာ​နေရာများသို့သွား ရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Oct 20,2022
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း (၂/၂၀၀၂)ဖွင့်ပွဲကို အောက်တိုဘာ(၂၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။