အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင် အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများအား ဥပဒေနှင့်အညီ စက်တင်ဘာလကုန်အထိ လစဉ် စိစစ်ပြုစုထားသည့် လူဦးရေစာရင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ပူးပေါင်းစိစစ် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အစည်းအဝေးကို ယမန်နေ့လည် ၁၁ နာရီခွဲ အချိန်က ပြည်အေးခန်းမ၌ ကျင်းပကြသည်။
Oct 20,2022
ရှမ်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးများကို အထောက်အကူပြုစေပြီးဒေသတွင်း ကုန်သည်လုပ်ငန်းရှင်များကိုလည်း  အလုပ်အကိုင်အခွင့်အလမ်းများရှိစေရန်အတွက် ကုမ္ပဏီလေးခုမှ အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များကို လာရောက်ရှင်းလင်းခြင်းကို ယနေ့ နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Oct 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ချောင်ကြီး အခြေခံပညာအထက်တန်းကျောင်း လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီ မိနစ် (၃၀) အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Oct 20,2022
မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် မဟာအောင်မြေမြို့နယ်အတွင်းရှိ မင်္ဂလာဆေးရုံတွင် ယမန်နေ့နံနက်ပိုင်းက ရဲမွန်တောင်ရပ်ကွက်ရှိ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် တပ်ဆင်ထားသည့်ပစ္စည်းကိရိယာများအား စစ်ဆေးခြင်း၊ အကြံပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
Oct 20,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
Oct 20,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန်တွင်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။