တကောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster ထိုးနှံပေး

တကောင်း အောက်တိုဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ တကောင်းမြို့ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Booster ထိုးနှံပေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက တကောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က) ကျောင်းများရှိ သတ်မှတ်စုရပ်များတွင် ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဝေဇံ ဦးဆောင်ကာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများပူးပေါင်းကာ အခြေခံပညာ အထက်တန်းကျောင်းနှင့် မြို့မ (အ.လ.က)ကျောင်းတို့ရှိ အသက်(၁၂)နှစ်မှ (၁၇)နှစ်အထိ Booster ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူ(၁၄၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။ ကျန်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာကျောင်းများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သီရိ