ရွှေဘို အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေဘိုခရိုင် အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးတို့ ပူးပေါင်းကာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဆွေးနွေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်စန်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့ပြီး အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံးမှ ရဲအုပ် ညီမင်းထိုက်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်း ဆိုင်ရာ ဥပဒေ/ နည်းဥပဒေများနှင့် မော်တော်ဆိုင်ကယ် စီးနင်းသူများ လိုက်နာရန် စည်းကမ်းများ၊ မလိုလားအပ်သည့် အသက် ဆုံးရှုံးမှုများ မဖြစ်စေရန်၊ ပြည်သူများ ယာဉ်အန္တရာယ် ဖြစ်ပွားမှု လျော့နည်းစေရန်၊ အခြေခံပညာ ကျောင်းများနှင့် အချက်အခြာ ကျသည့် လမ်းဆုံ/ လမ်းခွများတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/သူများ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်