အမြို့မြို့အနယ်နယ်သတင်းများ

Oct 20,2022
ဧရာဝတီတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှ ကြီးမှုးဖွင့်လှစ်သည့် ပုသိမ်ခရိုင်အခြေစိုက် ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ သင်တန်းအမှတ်စဉ် (၅/၂၀၂၁) သင်တန်းဆင်းပွဲ အခမ်းအနားအား ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
Oct 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်စေရန်အတွက် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်ပေးနေရာ နားဟုတ်ကျေးရွာအုပ်စု လွယ်ပန်ကျေးရွာအတွင်း၌ ကွန်ကရစ်လမ်းခင်းပေးနေလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
Oct 20,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
Oct 20,2022
ရခိုင်ပြည်နယ်၊ ရ​သေ့တောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးမှူးကျင်းပမည့် ဌာနဆိုင်ရာစုပေါင်း (၃၂)ကြိမ်မြောက် မဟာဘုံကထိန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့၊ နေ့လည်(၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင်ကျင်းပခဲ့သည်။
Oct 20,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ ယနေ့မွန်းလွှဲ ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အောင်ပန်းမြို့အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 20,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ် သိရှိလိုက်နာစေရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် အထက်ပုဇွန်တောင်လမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။
Oct 20,2022
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်၌ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အချိန်မှီ မီးငြိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ ၄ နာရီက River View ပေါ်တွင် ဇတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
Oct 20,2022
ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့မွန်းလွဲ ၁ နာရီက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပခဲ့သည်။