အမြို့မြို့အနယ်နယ်သတင်းများ

Oct 22,2022
နိုင်ငံတော်မှ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေး ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန် ရည်ရွယ်ချက်တို့ဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် အ-ထ-က ဘုရားကြီးကုန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကိုဆောင်ရွက်ခဲ့သည်။
Oct 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ စင့်အင်ကျေးရွာတွင် ယနေ့နံနက်(၁၀)နာရီအချိန်က အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Oct 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ယမန်နေ့နံနက် ၁၀ နာရီက အသေးစားစက်မှု လက်မှုလုပ်ငန်းများ စာရင်းပြုစုရေးညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 22,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးဝန်ထမ်းများက နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ဝက်ကျိတ်‌ကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(မူလွန်)၌ ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Oct 22,2022
နွေရာသီတွင်အေးမြ၍ ယခုလိုဆောင်းရာသီတွင် နွေးထွေးမှုကိုရရှိပြီး  ကျန်းမာရေးနှင့်လည်းညီညွတ် စျေးနှုန်းလည်း သက်သာသည့်အတွက် အညာဒေသရှိအိမ်တိုင်း၌ မရှိမဖြစ်လိုအပ်သည့် ဖယောင်းဖျာများကို  မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုန်ကျေးရွာတွင် တစ်ရွာလုံးနီးပါး ဖယောင်းဖျာယက်လုပ်ရောင်းချခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိပြီး စီးပွားရေး အဆင်ပြေလျက်ရှိကြောင်းသိရသည်။
Oct 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ  မြဝတီဘဏ်ဝန်ထမ်းများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကျင့်သုံးလျက်ရှိသော  ဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၃)နာရီခွဲက မြဝတီဘဏ်တွင် ပြုလုပ်ခဲ့သည်။
Oct 22,2022
မွန်ပြည်နယ်၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် စက်တင်ဘာ(၁၂) ရက်နေ့မှ အောက်တိုဘာလ (၂၁)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့သော အခြေခံစက်ချုပ်သင်တန်း ဆင်းပွဲအခမ်းအနားကို မော်လမြိုင်မြို့၊ ရွှေတောင်ရပ်၊ အိမ်တွင်းမှုသင်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
Oct 21,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွှေသူ‌ဌေးရပ်ကွက်ရှိ ရွှေသူဌေး (အမက) ကျောင်း၌ ယနေ့နံနက် (၁၀) နာရီခွဲကစာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့သည်။