Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
သုံးခွမြို့နယ်တွင် ပညာရေး စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးမြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေး နွေးပွဲ ကျင်းပ
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြို့နယ် အခြေခံပညာဦးစီးဌာနမှကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့်(ဆင့်ပွား) အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က အထက(၁) အစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကော့မှူး၌ဖွင့်လှစ်
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ကော့မှူးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြှင့်မားတိုးတက်စေရေးအတွက် မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီ ခရွန်ရောဂါကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ပြုလုပ်
Oct 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါကူး စက်မှုမရှိစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်- ၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်(၈)နာရီအချိန်က မီရထားဆိပ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၌ မြို့မစည်ပင်သာယာစျေးသို့ စျေးရောင်း/စျေးဝယ်လာသူများ၊ ခရီးသွားပြည် သူများအား MaskCampaign အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ စားသုံးဆီဖူလုံပိုလျှံစေရေး ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးလျက်ရှိပြီး ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီး
Oct 23,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အောက်တိုဘာလဆန်းပိုင်းက ရွာသွန်းခဲ့သည့်မိုးဖြင့် ဒေသခံကျေးလက်နေ တောင်သူများက ဆောင်းသီးနှံနေကြာများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရကာ ဆောင်းနေကြာသီးနှံ ဧက ၂၀၀ ကျော် စိုက်ပျိုးပြီးစီးသွားပြီဖြစ် ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအီမြို့တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်းများကွင်းဆင်းဆောင်ရွက်
Oct 23,2022
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင်၊ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဝေကျေးရွာ အ.ထ က (ခွဲ)နှင့် သိမ်ကျောင်းပြင်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းတို့တွင် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ (၂၁)ရက် ယမန်နေ့က ကွင်းဆင်းထိုးနှံဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗန်းမော်မြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ သတင်းတု သတင်းမှားများ ခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟောပြော
Oct 23,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(ဗန်းမော်)၌ ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသူများအား သတင်းတု သတင်းမှားများခွဲခြားသိမြင်နိုင်ရေး အသိပညာပေးဟော ပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေသောင်ယံမြို့အမှတ်(၃)ရပ်ကွက် SEA & LAKE Gardenသို့ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှလာရောက်လေ့လာ
Oct 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၃)ရပ်ကွက် SEA & LAKE Garden နှင့် ကမ်းခြေသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်ဦးဆောင်သော ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဆို၊က၊ရေး၊တီးအဖွဲ့မှ ပြိုင်ပွဲ ဝင်များ၊ကြီးကြပ်သူများ (၃၀၀)ဦး ပါဝင်သောအဖွဲ့သည် ယမန်နေ့ နေ့လယ်ပိုင်းကရောက်ရှိပြီး လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲပြုလုပ်
Oct 23,2022
၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ၁၇ရက်နေ့တွင်ကျရောက်တော့မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် အထိမ်းအမှတ်အကြိုအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၂၁ရက် နံနက်၁၀နာရီခွဲအချိန်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15454
Page
15455
Page
15456
Page
15457
Current page
15458
Page
15459
Page
15460
Page
15461
Page
15462
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department