မြင်းခြံ အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း (စံပါယ်)ခန်းမတွင် ယနေ့နံနက်(၉)နာရီအချိန်က ကျောင်းအုပ်ကြီးများစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရပါသည်။
ဖွင့်ပွဲတွင် အခြေခံပညာဦးစီးဌာန၊ မြင်းခြံခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးထိန်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးသန်းထွန်း(ပညာ)က အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ သည်။
အလုပ်ရုံဆွေးနွေးပွဲကို ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးစိုးမြင့်ချိုက ပညာရေးဘာသာရပ်ဖြင့်လည်းကောင်း၊ လက်ထောက်ပညာရေးမှူး ဒေါ်သိန်းမေက စီမံခန့်ခွဲရေးဘာသာရပ်ဖြင့်လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းက စီမံအုပ်ချုပ်ရေးဘာသာရပ်ဖြင့်လည်းကောင်း၊ ငါန်းဇွန်မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်က စီမံခန့်ခွဲရေးဘာသာရပ်ဖြင့်လည်းကောင်း၊ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားစေရန် ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲရက်ကို အောက်တိုဘာ(၂၅)ရက်မှ (၂၆)ရက်နေ့ ထိ နေ့စဉ် နံနက်)၉)နာရီမှ ညနေ(၄)နာရီထိ ပို့ချဆွေးနွေးသွားမည်ဖြစ်ပြီး၊ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် မြင်းခြံမြို့နယ်ရှိ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း)မှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၁၂ဝ)ဦး တက်ရောက်ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံခရိုင်(ပြန်/ဆက်)