ပုသိမ်ကြီးမြို့နယ် (Community Centre) ခန်းမတွင် ကဗျာရွတ် ပုံပြင်ပြော၊ ကျပန်းစကားပြော၊ စာဖတ်စွမ်းရည်၊ စာအုပ်ခေါင်းရွက်ပြိုင်ပွဲများကျင်းပ

ပုသိမ်ကြီး အောက်တိုဘာ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုသိမ်ကြီးမြို့နယ် (Community Centre) ခန်းမတွင် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ခေါင်းရွက်ပြိုင်ပွဲ၊ စကားလုံးဆက်ပြိုင်ပွဲများကို ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က စတင်ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးက ပြိုင်ပွဲများကျင်းပရခြင်းမှာ ကျောင်းသား/ကျောင်းသူများအနေနဲ့ ကျောင်းစာအပြင် ပြင်ပဗဟုသုတများစွာရရှိစေခြင်း၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်လာစေခြင်းများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြည်သူ့စာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များအား အသုံးပြုတတ်စေရန် အစရှိသည့် ရည်ရွယ်ချက်များနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပုသိမ်ကြီးမြို့ပေါ်မှ စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသော စာဖတ်ပရိသတ်များ၏ ရင်သွေးငယ်များဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်ခေါင်းရွက်ပြိုင်ပွဲ၊ စကားလုံးဆက်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို နှစ်ရက်ဆက်တိုက် ပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇာနည်ကိုကို