Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)ပြုလုပ်
Oct 27,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အဆင့် ဌာနဆိုင်ရာများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်တွင် သံဃာတော်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေး
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို လျော့ချနိုင်ရန်အတွက် ယနေ့နံနက် ၉:၃၀ အချိန်က ဒဏ္ခိဏရာမတောင်ကျောင်းတွင် သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၈)အခြေခံပညာအလယ်တန်းကျောင်း၌ ရှေးဦးပြုစုခြင်းဆိုင်ရာသင်တန်းပို့ချ
Oct 27,2022
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၂၈)အခြေခံပညာအလယ်တန်းကျောင်း၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းများဆက်လက်ဆောင်ရွက်
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေးအသိပညာပေးကွင်းဆင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံ
Oct 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၂)ရပ်ကွက်၊ ကိုဗစ်-၁၉ကုသရေးစင်တာတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး ထိုးနှံသူစုစုပေါင်း (၈၈)ဦး ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ
Oct 27,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ်ရှိ ဈေးများနှင့် လမ်း ၅၀ မှတ်တိုင်တို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် Mask Campaign ဆောင်ရွက်
Oct 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ အိုမီခရွန်မျိုးရိုးဗီဇပြောင်း BA-5 ရောဂါ ကူးစက်ဖြစ်ပွားမှုမရှိလာစေရေးအတွက်ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏လမ်းညွှန်မှုဖြင့်လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်သည့်ဝန်ထမ်းများသည် ယမန်နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သော မြို့နယ်အတွင်းရှိ ဈေးများနှင့် လမ်း ၅၀ မှတ်တိုင်တို့တွင် ပြည်သူများအား Mask Campaign အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Oct 27,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ရွှေကျင်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
15403
Page
15404
Page
15405
Page
15406
Current page
15407
Page
15408
Page
15409
Page
15410
Page
15411
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department