ရွှေတောင်မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းများဆက်လက်ဆောင်ရွက်

ရွှေတောင်   အောက်တိုဘာ   ၂၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေးအသိပညာပေးကွင်းဆင်းနှင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် ၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန် - ပြည်လမ်းမြို့ဝင်တိုးဂိတ်တွင် စည်းကမ်းထိန်းသိမ်းရေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကွင်းဆင်းပူးပေါင်းစစ်ဆေးရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် (မြို့နယ် ရဲတပ်ဖွဲ့မှူး)နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လဝက၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ပညာရေး၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များမှ လုပ်ငန်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ မော်တော်ယာဉ်/ ဆိုင်ကယ် လိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း ဆိုင်ကယ်စီးသူများအနေဖြင့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြရန်နှင့် ဆိုင်ကယ်တွင်ပါရှိရမည့်အချက်အလက်များ ပြည့်စုံစွာတပ်ဆင်ထားရန် အသိပညာပေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများ Mask စနစ်တကျတပ်ဆင်ရေး Mask Campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

မြို့နယ်ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေးရေးကြီးကြပ်မှုကော်မတီအနေဖြင့် မော်တော်ယာဉ်(၈၀)စီး၊ သုံးဘီးမော်တော်ယာဉ်(၆)၊ မီနီအိုးဝေ(၃)စီး၊ မော်တော်ဆိုင်ကယ်(၁၆၀)စီးတို့အားစစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြပြီး ပြည်သူများ Mask စနစ်တကျတပ်ဆင်စေရေးအတွက် Mask အခု(၅၀၀)ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

အဆိုပါယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေးအသိပညာပေး ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းများကို အပတ်စဉ်တနင်္လာနေ့နှင့် ကြာသပတေးနေ့တိုင်းအသိပညာပေးစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကို မင်း( ပြန်/ဆက်)