မဟာအောင်မြေမြို့နယ်၊ အမှတ်(၂၈)အခြေခံပညာအလယ်တန်းကျောင်း၌ ရှေးဦးပြုစုခြင်းဆိုင်ရာသင်တန်းပို့ချ

မဟာအောင်မြေ အောက်တိုဘာ ၂၇

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အမှတ်(၂၈)အခြေခံပညာအလယ်တန်းကျောင်း၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီယာယီကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်းသင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးက အဆိပ်မိခြင်း၊ အပူလောင်းခြင်း၊ သွေးယိုးစီးခြင်း၊ အရိုးကျိုးခြင်း၊ ရုံးအဖွဲ့မှူး ဒေါ်ခင်ခင်သင်းက သွေးဆုပ်၊ သွေးသန့်၊ မေ့မြောခြင်း စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး အရေးကြုံလာလျှင် ကိုယ်တိုင်လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် သင်ကြားပို့ချကြောင်း ရှင်းလင်းပြောကြားပြီး ကျောင်းသား/သူများအား စာတွေသင်ကြားပို့ချခဲ့ရာ ကျောင်းသား/သူများကလည်း စိတ်ပါဝင်စားစွာသင်ကြားခဲ့ရာ သင်တန်းကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သက်ရည်ဝင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦး၊ ဦးသိန်းနိုင်၊ ဒု-မြိုနယ်တပ်ဖွဲ့မှူး ဦးနိုင်ဝင်းအောင် သင်တန်းနည်းပြ ဒေါ်ထွေးထွေး(ဒု-မြို့နယ်တပ်ဖွဲ့မှူး)၊ ဒေါ်နှင်းနှင်း(ဒု-တပ်ခွဲမှူး)၊ ဒေါ်ခင်ခင်သင်း(ရုံးအဖွဲ့မှူး)၊နှင့် သင်တန်းသားဦးရေ (၇၁)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို (၂၇-၁၀-၂၀၂၂)မှ (၂၈-၁၀-၂၀၂၂)ရက်နေ့အထိ (၂)ရက်ကြာစာတွေ့/လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိုး