ရွှေကျင် အောက်တိုဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ-ထ-က(ရွှေကျင်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးညွန့်ဝေက အလုပ်ရုံဆွေးနွေးပွဲနှင့် သက်ဆိုင်သော အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ရွှေကျင်မြို့နယ်အတွင်းမှ သင်တန်းသားသင်တန်းသူ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၉၈)ဦး တက်ရောက်ကြပြီး အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပလျက်ရှိကြာင်း သိရသည်။
အဆိုပါ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)