တီးတိန် အောက်တိုဘာ ၂၈
ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် စားသောက်ရေးအထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ချင်းပြည်နယ်အစိုးရ အဖွဲ့၏ အစီအစဉ်ဖြင့် ပြည်သူ လူထုအား အခြေခံစားသောက်ကုန်ပစ္စည်းများကို ယနေ့ နံနက် ၈ နာရီမှ နေ့လယ် ၁၁ နာရီထိ စကောလမ်း လမ်းရပ်ကွက်၊ ကမ်းဟောက်ခန်းမ၌ ဈေးနှန်း သက်သာစွာဖြင့် တတိယအကြိမ် ရောင်းချခဲ့ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် အနောက်မြောက်ပိုင်းစစ်ဌာနချုပ် ဟားခါးတပ်နယ်မှ အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များ၊ ခြံထွက်ဈေးနှုန်းဖြင့် ရောင်းချခြင်း၊ အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သော ဆန်၊ ပဲဆီ၊ နေကြာဆီ၊ ဆား၊ ခေါက်ဆွဲခြေက်၊ ကြက်သွန် နီ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ကြက်ဥ၊ အမဲသား၊ ဝက်သား၊ ကြက်သား၊ ချဉ်ပေါင်၊ ငရုတ်သီးစိမ်း၊ ဂေါ်ဖီထုပ်၊ ရုံးပတီသီး စသည်များကို ဈေးနှန်းသက်သာစွာရောင်းချရာ ပြည်သူများက စိတ်ချမ်းသာစွာ ဝယ်ယူခဲ့ကြကြောင်း သိရသည်။
ထို့သို့ ပြည်သူများကို အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် တီးတိန်မြို့နယ် ခေတ္တအုပ်ချုပ်ရေးမှူး ဦးဟုန်းနိန်၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တာဝန်ရှိသူများမှ အနီးကပ်ကြီးကြပ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်းညွှန်ချက်များနှင့် အညီ အေးချမ်းပျော်ရွှင်စွာ ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)