နတ်မောက်မြို့နယ်တွင် မိုးချည်မျှင်ရှည်ဝါ(ရွှေတောင်-၁၀) စံကွက်ရိတ်သိမ်း

နတ်မောက်  အောက်တိုဘာ ၂၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာရှိ တောင်သူဒေါ်ခင်တိုးတိုးလွင်၏ မိုးချည်မျှင်ရှည်ဝါ (ရွှေတောင်-၁၀) (၂) ဧကစံကွက်အား ယမန်နေ့နံနက်ပိုင်းက ရိတ်သိမ်းခဲ့သည်။

အဆိုပါစံကွက်ရိတ်သိမ်းရာသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် တောင်သူများ ပူးပေါင်းပြီး(၂)ဧက စံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧက မိုးချည်မျှင်ရှည်ဝါ အထွက်နှုန်း (၅၅၀) ပိဿာ ထွက်ရှိခဲ့ကြောင်း သိရသည်။

၂၀၂၁-ခုနှစ်တွင် ချည်မျှင်ရှည်ဝါစျေးနှုန်းသည် တစ်ပိဿာ (၁၇၀၀) စျေးနှုန်းရောင်းချခဲ့ရသည့်အတွက် ယခုနှစ် ၂၀၂၂ ခုနှစ်တွင် ဝါသီးနှံများကို စောစီးစွာအားထားစိုက်ပျိုးထားရာ အပင်များအောင်မြင်လျက်ရှိပြီး ဝါပွင့်များရိတ်သိမ်း၍ တစ်ပိဿာ(၂၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိသည်။ နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါ (၂၂၈၄၆) ဧကစိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက ပြောသည်။

မူမူစန်း(ပြန်/ ဆက်)