သာပေါင်းမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထိမ်းအမှတ် ဟောပြောပွဲ အခမ်းအနားကျင်းပ

သာပေါင်း အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ကြသည်။
လူကုန်ကူးမှုတားဆီးကာကွယ်ရေး အထိမ်းအမှတ် ဟောပြောပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးလှဝင်းက လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ဥပဒေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ယဉ်ယဉ်မြင့်မှ လူကုန်ကူးမှုဖြစ်ရသည့် ကြောင်းရင်း ကတော့ ဗဟုသုတနည်းခြင်း၊ ယုံလွယ်ခြင်း၊ စီးပွားရေး အဆင်မပြေမှုများ၊ အလုပ်အကိုင်မရှိခြင်း၊ လူမှုအသိုင်းအဝိုင်းမှ ပစ်ပယ်ခံရခြင်း၊ အုပ်ထိမ်းသူမဲ့ခြင်း၊ စီးပွားရေး၊ ကျန်းမာရေး ထွက်ပေါက်မဲ့နေသည့်အခါ တန်ဖိုးထားမခံရခြင်းများ၊ သဘာဝဘေး၊ လူကြောင့်ဖြစ်ရသော ဘေးအန္တရာယ်များ၊ ပဋိပက္ခများကြောင့် ရွေ့ပြောင်းရခြင်း၊ ချမ်းသာလိုခြင်း၊ မိဘကိုကျေးဇူးဆပ်လိုခြင်း၊ နိုင်ငံခြားတိုင်းပြည်များကို အထင်ကြီးခြင်း၊ အားကျခြင်း၊ လူနေမှုအဆင့်အတန်း မြင့်မားလိုခြင်း၊ ဝတ်စားဆင်ယင်မှု ခေတ်မီလိုခြင်း တို့ကြောင့် ဖြစ်တယ်-လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းပေးခြင်း၊ ပြန်လည်ထူထောင်ပေးခြင်း၊ စွမ်းရည်မြှင့်တင်ပေးခြင်းတို့ ဖြစ်ပြီးပြန်လည် လက်ခံတဲ့နေရာတွေကတော့- မြဝတီ-ထိုင်း၊ မဲဆောက်လမ်းကြောင်း(ယာယီ လက်ခံစောင့်ရှောက်ရေး ဂေဟာ၊ မြဝတီ)-တာချီလိတ်၊ မယ်ဆိုင်လမ်းကြောင်း-ကော့သောင်း ရနောင်း (ကော့သောင်းမြို့၊ ယာယီ လက်ခံစောင့်ရှောက်ရေး ဂေဟာ)၊ အခြားနိုင်ငံများ---ရန်ကုန် အပြည်ပြည်ဆိုင်ဆိုင်ရာလေဆိပ်၊ တရုတ်---ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာ၊မူဆယ်မြို့၊ (ရွှေလီ၊ မူဆယ်)၊ ပြည်တွင်း---ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာ မန္တလေးမြို့၊ ယာယီလက်ခံစောင့်ရှောက်ရေး ဂေဟာရန်ကုန်မြို့၊
ဆက်သွယ် နိုင်သည့် ဖုန်းနံပါတ်၊ ၀၁-၆၆၆၆၁၉ သို့ အကူအညီတောင်းခံနိုင်ပါကြောင်း လုပ်ငန်းစဥ်များအားရှင်းလင်းဟောပြောပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မိခင်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း ပြန်/ဆက်