အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2022
အနန္တဂိုဏ်းဝင်ကျေးဇူးရှင် ဆရာ၊ ဆရာမများ၏ ဂုဏ်ကျေးဇူးများကို ပူဇော်သည့်အနေဖြင့်  တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီတွင် ပန်းဘဲတန်း မြို့နယ် အထက-၁ ကျောင်း၌ ကျင်းပသည်။
Oct 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ဘောမိကျေးရွာအုပ်စု၊ ဘောမိကျေးရွာ သာသနာ့ဗိမ္မာန်ကျောင်းတိုက် တိုက်ဓမ္မာရုံ၌ ယ‌မန်နေ့ နံနက်(၁၀)နာရီအချိန်က ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက် ဦးဆောင်သော မြို့အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံ၍ ဒေသလိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
Oct 29,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား ဖောင်းတောကျေးရွာအုပ်စု ဖောင်းတောဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Oct 29,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ Kyokushin Karate အခြေခံသင်တန်းဖွင့်ပွဲကို တောင်ကြီး မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၊ ဘက်စုံသုံး ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
Oct 29,2022
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ နိုင်စေရေးအတွက် မြို့နယ်ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအဖွဲ့က တိုက်ကြီးမြို့နယ် ရန်ကုန်-ပြည်ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသော ပြည်သူများအား အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 29,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ထက်/လယ်/မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ(ဆင့်ပွား)သင်တန်းအား ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရည်ခန်းမ၌ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
Oct 29,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ကျောက်တံခါးဘုန်းတော်ကြီး ကျောင်းတိုက်၌ ဌာနဆိုင်ရာ‌များ၊ လှုမှု‌ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ၏ (၁၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။