အမြို့မြို့အနယ်နယ်သတင်းများ

Oct 29,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တာဝန်ခံ ကျောင်းအုပ်များအား စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်ကျင်းပသည်။
Oct 29,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်မဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့ နေရာ (၂)ခု တွင် Mask Campaign ဆောင်ရွက်ခဲ့သည်။
Oct 29,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာများ အား တိုက်နယ်အလိုက် တာဝန်ပေး ထားပြီးဖြစ်ရာ သက်ဆိုင်ရာ တိုက်နယ်အလိုက် ဌာနဆိုင်ရာအဖွဲ့များမှ ယမန်နေ့ နံနက် ၉ နာရီက ဆောင်းနေကြာစိုက်ပျိုးနိုင်ရေးကျေးရွာ များသို့ သွားရောက်၍ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
Oct 29,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဟိုခိုရပ်ကွက်အခြေခံပညာ အလယ်တန်းကျောင်းတို ပူးပေါင်းမှုဖြင့် ကျောင်းသူကျောင်းသားများ အသိပညာဗဟုသုတများ တိုးပွားလာစေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပူတာအိုမြို့ ဟိုခိုရပ်ကွက်အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
Oct 29,2022
ပဲခူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မာရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၁) သီရိပညာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးစိုးလွင်က "အခြေခံပညာဦးစီးဌာန (ရုံးချုပ်)မှ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပညာရပ်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများအား စနစ်သစ်ပညာရေးမှာ နိုင်ငံတော်က ချမှတ်
Oct 29,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျုတာတက္ကသိုလ် (ဟင်္သာတ) ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သူနာပြုသားဖွား ဒီပလိုမာ (၃)နှစ်သင်တန်း ပထမနှစ် သင်တန်းသား၊ သင်တန်းသူများ၏ ICT အသုံးချ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ကွန်ပျူတာတက္ကသိုလ်ကျောင်း ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Oct 29,2022
​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲအား အရှေ့ရပ်ကွက်၊ ရေဝန်းဘုန်းတော်ကြီးကျောင်းတွင် ယမန့်နေ့ ည(၇)နာရီက တွေ့ဆုံကျင်းပခဲ့သည်။