မင်းလှမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်းဘုံကထိန်ပွဲကျင်းပ

မင်းလှ အောက်တိုဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ရွေးကုန်းအုပ်စု၊ ကျောက်တံခါး ဘုန်းတော်ကြီး ကျောင်းတိုက်၌ ဌာနဆိုင်ရာ‌များ၊ လှုမှု‌ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့ အစည်းများ၏ (၁၉)ကြိမ် မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဘုံကထိန်ပွဲကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ကျောက်တံခါးတောရကျောင်းတိုက် ဆရာတော် ထံ ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပေးခြင်း၊ ပစ္စည်းနှင့် ငွေသားစုစု ပေါင်းတန်ဖိုး ငွေ(၂၂၂၀၀၀၀) ကျပ်ရှိသော ပဒေသာပင်(၃)ပင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများက ဆက်ကပ်လှူဒါန်းပေးခဲ့၍ ကထိန်ခင်းကျင်းပြုလုပ်ခဲ့ သည်။

ဆက်လက်၍ ဆရာတော်အရှင်ရေဝတ (မိုးလ်ကျကျောင်းတိုက်) ဆရာတော်ထံမှ သရဏဂုံ သုံးပါးနှင့် တကွ ငါးပါးသီလခံယူဆောက်တည်ပြီး အနုမောဒနာတရားချီးမြှင့်ခံယူကာ ရေစက် သွန်းချအမျှတန်းပေး‌ ဝေခဲ့၍ နေ့ဆွမ်းပါ တပါတည်းဆက်ကပ်လှူဒါန်းပေးခဲ့ကြသည်။

ပေါက်စ(မင်းလှ)