ပျဉ်းမနား ဇန်နဝါရီ ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီရဲမိုးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ပျဉ်းမနားမြို့နယ်၊ သူဌေးကုန်း ကျေးရွာရှိ သမဝါယမအသင်းစုပိုင် ရုရှားနေကြာစမ်းသပ်စိုက်ခင်းနှင့် မတ်မဲစိုက်ခင်းများသို့ သွားရောက်ပြီး ဆီထွက်သီးနှံနေကြာနှင့် မတ်ပဲများအောင်မြင်ဖြစ်ထွန်းနေမှုကိုကြည့်ရှုကာ လိုအပ်သည့် သွင်းအားစုများကို စနစ်တကျထည့်သွင်းပြီး ပိုးမွှားရောဂါ ကျရောက်မှုအဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများကို မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)