Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကသာမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအား သွားရောက်အားပေး
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ ကသာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ ယနေ့နံနက် (၉) နာရီခွဲအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောနေသာနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသူတို့က အမှတ် (၁)၊ အမှတ်(၃)၊ အမှတ်(၂)နှင့် အ.ထ.က (ခွဲ) လ(၁)အခြေခံ ပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့ အ.ထ.က ၃ ၌ အသိပညာပေးဟောပြောပွဲကျင်းပ
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိနိးသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေးဟောပြောပွဲကိုယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဦးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် ၊ ရေဦးမြို့တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ဇွန်လ(၄) ရက် နေ့လယ် ၁၂နာရီက ရေဦးမြို့ မဟာဓမ္မာရုံကျောင်းတိုက်၌ စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ၂၀၂၅ ခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကျင်းပ
Jun 05,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိရစာမေးပွဲနှင့် ပါဠိ ပထမပြန် စာမေးပွဲများပြန်လည်ဖြေဆို
Jun 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် ရပ်နားထားသော အစိုးရဓမ္မာစရိရစာမေးပွဲနှင့်ပါဠိပထမ ပြန်စာမေးပွဲများကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် ဇွန်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် အေးချမ်းစွာပြန်လည် ဖြေဆိုတော်မူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 05,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပျိုးပင်ပေးအပ်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်အတွင်း ရေဘေးသင့်ပြည်သူများအား ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မိသားစုများမှ လှူဒါန်းသည့် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများပ…
Jun 05,2025
မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မေလကုန်ပိုင်းမှစတင်၍ မိုသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် နောင်မွန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်နှင့် မြစ်ကြီးနားမြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မိသားစုများက ပေးပို့ထောက်ပံ့သည့် စားသောက်ဖွယ်ရာများ ကို ယမန်နေ့မွန်းလွဲပိုင်းက တပ်မတော်လေယာဉ်ဖြင့် မြစ်ကြီးနားမြို့ နယ်မြေခံလေတပ်စခန်း ဌာနချုပ်၌ ရောက်ရှိခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ရာဇာထွန်းတို့က ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်မြို့၌ ၂၀၂၅ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jun 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတစေရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တော၊ သစ်ပင်တန်ဖိုး များအား အလေးထားသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအား ယနေ့နံနက် ၈ နာရီက ညောင်ဝိုင်းကျေးရွာရှိ မအူပင်စက်မှုဇုန်ဝန်းအတွင်း ကျင်းပခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1471
Page
1472
Page
1473
Page
1474
Current page
1475
Page
1476
Page
1477
Page
1478
Page
1479
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department