သာယာဝတီမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်

သာယာဝတီ ဇန်နဝါရီ ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် အောင်ချမ်းသာဘုရားကြီးကျောင်းတိုက်ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိအောင်က စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ကျောင်းသား၊ ကျောင်းသူများအားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးသူငယ်များ ကိုယ်ကာယ၊ ဉာဏစွမ်းရည်များဖွံ့ဖြိုးစေရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး အသိပညာပေးပြောကြားကာ ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောသရုပ်ပြသခြင်း၊ ဘုတ်ပြားပြဇာတ်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

 ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ပြသဖတ်ရှုစေခဲ့ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)