လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သို ဇန်နဝါရီ ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်သော အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မီးဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မီးလောင်နေစဉ် လိုက်နာရန်အချက်များ၊ မီးငြှိမ်းပြီးပါက ပြုလုပ်ရန်အချက်များ၊ မီးလောင်မှုဖြစ်ပွားသည့် ပုံစံနှင့် မီးငြှိမ်းသတ်ရန် နည်းလမ်းများစသည့် အသိပညာပေး အကြောင်းအရာများပါဝင်ပြီး နံရံကပ်စာစောင် ပြသဆောင်ရွက်ထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ Talk Show အစီအစဉ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နော်ဖလောရင်း