Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့်
Dec 07,2022
ရခိုင်ပြည်နယ်၊ ဂွမြို့တွင် ၂၀၂၂-၂၀၂၃ခုနှစ်ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဖုန်းပြုပြင်နည်း သင်တန်းဖွင့် အခမ်းအနားကို ယမန်နေ့ညနေ(၃) နာရီအချိန်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားကျင်းပ
Dec 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ဆရာအတတ်ပညာဦးစီးဌာန၊ မြောင်းမြပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတွဲမြို့၌ လူငယ်စကားဝိုင်းကျင်းပ
Dec 07,2022
သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(CommunityCentre)ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီမှ ကြီးမှူး၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက အဆိုပါအဆောက်အဦ ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်တွင်စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Dec 07,2022
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့် စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်များခင်ကျင်းပြသခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအုပ်စု ရေဖြူကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြု လုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်မရောမြို့ပေါ်ရှိ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ မီးဘေးကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံရေးစစ်ဆေး၍ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ
Dec 07,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဗူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)ရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းနှင့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး
Dec 07,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ရပ်ကွက်နေပြည်သူများ အခြေခံစားသောက်ကုန် များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ဒီဇင်ဘာ ၇ ရက်နံနက် ၇ နာရီက စည်ပင်သာယာခန်းမ၌ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း (ညောင်ဦး)၊ ပန်းမျိုးတစ်ရာခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ
Dec 07,2022
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့် ပြည့်စုံစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာမ၌ ယနေ့နံနက် ၉ နာရီခွဲက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ထိုမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများ လိုက်လံဆောင်ရွက်
Dec 07,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်အတွင်းရှိ ပြည်သူများ စာအုပ်စာစောင်များကို အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်ပြီး အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ မွန်းလွဲပိုင်းက မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင် ငှားရမ်းပေးခြင်းများကို လိုက်လံဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
14492
Page
14493
Page
14494
Page
14495
Current page
14496
Page
14497
Page
14498
Page
14499
Page
14500
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department