အမရပူရမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှု ကျား၊မ ရေးရာအခြေပြုအကြမ်းဖက်မှု GBV အသိပညာပေး ဆွေးနွေးပွဲကျင်းပ

အမရပူရ ဒီဇင်ဘာ ၇

 မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ လေးစုရပ်ရှိ၊ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း၊ အမရအောင်မြေခန်းမ၌ ယမန်နေ့နေ့လယ် ၁ နာရီခွဲအချိန်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကျား၊မရေးရာ အခြေပြု အကြမ်းဖက်မှု GBV အသိပညာပေးဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမရပူရခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက်မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီးအရာရှိ ဒေါ်ဖြူဖြူခိုင်က ကလေးငယ်၏ အဓိပ္ပါယ်၊ မြန်မာနိုင်ငံကလေးသူငယ်များ၏ မေ့အကြောင်းနှင့် အမျိုးသမီးများအခွင့်အရေး လက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့်လိုက်နာရမည့် အချက်များကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့် မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ခိုင်ရွှေရည်အောင်တို့က တက်ရောက်လာသော ကျောင်းသူကလေးများအား မုန့်များပေးဝေခဲ့ကြကြောင်း သိရသည်။ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမရပူရခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ အမှတ် ၁ အခြေခံ ပညာအထက်ကျောင်းမှ ဆရာမများနှင့် ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)