အမြို့မြို့အနယ်နယ်သတင်းများ

Dec 08,2022
မွန်ပြည်နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးနှင့်  အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလားဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မော်လမြိုင်မြို့၊ ကျောင်းသားအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့သည်။
Dec 08,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌  ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို ဟောပြော ပွဲနှင့် အသိပညာပေး နယ်လှည့်လှုပ်ရှားမှု ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက အ.ထ.က (မိုင်းဆတ်) မြတ်ပညာခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 08,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက  ကညင်တန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Dec 08,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကြက်ခြေနီ ‌ရှေးဦးစွာပြုစုခြင်း ဘာသာရပ်များဆွေးနွေးဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်း ကျောင်းသဲကုန်း သာဓုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 08,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းနှင့် ပုံစံ(၆၆/၆)ရှိ   စာရင်းများအား မြေပြင်တွင်  တိုက်ဆိုင်စစ်ဆေးပေးမည့်   လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ရာ
Dec 08,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံက် (၉) နာရီက KG အတန်းမှစ၍ Grade-11 အတန်း အထိ ကျောင်းတွင်းအားကစားနည်းမျိုးစုံ ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
Dec 08,2022
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် ကျောင်းသားလူငယ်များ သတင်းမှား၊ သတင်းမှန်ခွဲခြား သုံးသပ်နိုင်စေရန်ရည်ရွယ်ကာ ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီ၌ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အနော်ရထာခန်းမတွင် သတင်းမှား၊ သတင်းမှန်ခွဲခြားသုံးသပ်နိုင်စေရေး အသိပညာပေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။