ကျောက်ဆည် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာကျောင်းများတွင် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံက် (၉) နာရီက KG အတန်းမှစ၍ Grade-11 အတန်း အထိ ကျောင်းတွင်းအားကစားနည်းမျိုးစုံ ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
အားကစားပြိုင်ပွဲများ ကျင်းပရာတွင် KG တန်း၊ Grade-1 တန်းနှင့် Grade-2 အတန်းများတွင် ကျားမ/မ မီတာ (၁၀၀) အပြေး၊ မုန့်ကိုက်၊ ပူပေါင်းဖောက်ပြိုင်ပွဲများ Grade-3၊ Grade-4၊ Grade-5 အတန်းများ တွင် ကျား/မ မီတာ (၁၀၀) အပြေး၊ အိတ်စွပ်အပြေး၊ အာလူးကောက်ပြိုင်ပွဲများ၊ Grade-6၊ Grade-7၊ Grade-8၊ Grade-9 အတန်းများတွင် မီတာ(၂၀၀)အပြေး၊ မီတာ(၁၀၀)စကောရွက်၊ ထုတ်ဆီးတိုး ပြိုင်ပွဲများနှင့် Grade-10၊ Grade-11 အတန်းများတွင် ထုပ်ဆီးတိုးပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်းနှင့် ပြိုင်ပွဲများအပြီးတွင် ထူးချွန်သူများအား ဆုများပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်းနှင့် Grade-10 နှင့် Grade-11 အတန်း ထုပ်ဆီးတိုးပြိုင်ပွဲထူးချွန်သူများအား ရွေးချယ်ပြီး မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)