ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ငါးသေတ္တာဘူး (ဆီသွတ်ဘူး)များနှင့် အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ပန်းတောင်း ဒီဇင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ငါးသေတ္တာဘူး (ဆီသွတ်ဘူး)များနှင့် အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိ/ မရှိကို ယမန်နေ့နံနက်ပိုင်းက ဥသျှစ်ပင်မြို့ရှိ စည်ပင်သာယာစျေးအတွင်း ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးကြည့်ရှုရာတွင် ငါးသေတ္တာဘူး (ဆီသွတ်ဘူး)များနှင့် အေးခဲအစားအစာများတွင် ကုန်အညွှန်းအမှတ်အသားများ မြန်မာလိုပြည့်စုံစွာ ဖော်ပြခြင်းရှိမရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ဆီသွတ်ဘူးများတွင် ပြည့်စုံစွာဖော်ပြခြင်းရှိပြီး အေးခဲအစားအစာများ ရောင်းချခြင်းမရှိကြောင်းကို စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးထံမှ သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)