မောင်တော ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အခြေခံလူဦးရေးစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကညင်တန်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် နှင့် ဝန်ထမ်းများ၊ မြို့နယ် ကော်မရှင်အဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ ကညင်တန်း ရပ်ကွက်တွင် အခြေခံအိမ်ထောင်စုစာရင်းရှိ လူဦးရေနှင့်မြေပြင်တွင် အမှန်တကယ်နေထိုင်မှု ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးခြင်း၊ ရပ်ကွက် / ကျေးရွာများရှိ အိမ်ထောင်စုလူဦးရေး တစ်စုချင်းစီအား မှန်ကန်သောစာရင်းရရှိရန် မြေပြင်စာရင်း ကောက်ယူခြင်းများကို ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)