Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မျက်စိအခမဲ့စမ်းသပ်ကုသမှုလုပ်ငန်းများ ဆောင်ရွက်မည့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အားကစားရုံတွင် သန့်ရှင်းရေးနှင့် လိုအပ်သည်များ စုပေါင်းဆောင်ရွက်
Jan 31,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဦးဆောင်သော သီတဂူသာသနာပြုအဖွဲ့နှင့် နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံ၊ မြို့မိမြို့ဖများစုပေါင်း၍ မျက်စိဝေဒနာရှင် ပြည်သူများကို ဖေဖော်ဝါရီလအတွင်း အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများဆောင်ရွက်မည့် မြို့နယ်ပြည်သူ့ဆေးရုံနှင့် အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်အားကစားရုံအတွင်း လိုအပ်သည်များနှင့် သန့်ရှင်းသာယာရေး လုပ်ငန်းများကို ယနေ့နံနက် (၇)နာရီက မြို့နယ်မှတာဝန်ရှိသူများ စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်တွင် အခြေခံပညာအဆင့် ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲများကျင်းပမည့်ကျောင်းများအတွင်း မီးဘေးလုံခြုံရေးနှင့်အခြားလိုအပ်သည်များ ကွင်းဆင်းစစ်ဆေး
Jan 31,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ဒုတိယနှစ်ဝက်ဆုံးစာမေးပွဲကျင်းပမည့်ကာလအတွင်း မီးလောင်မှု၊ မီးလန့်မှု စသည့်မီးဘေးအန္တရာယ်များမဖြစ်ပွားဘဲ ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ နေ့လယ် ၁၁ နာရီက မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝမ်းတွင်းမြို့၌ ၆၅ ကြိမ်မြောက် သမိုင်းဝင်မြတ်ညီနောင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်၌ မြန်မာ့ရိုးရာ နွားအလှနှင့် လှည်းပြိုင်ပွဲ ကျင်းပ
Jan 31,2026
ပုဂံခေတ် ပေါက္ကံ ရာဇာအနော်ရထာမင်းလက်ထက် ကျန်စစ်သားမင်းနှင့် မိဖုရားခင်တန်တို့ တည်ထားကိုးကွယ်ခဲ့သော သမိုင်းဝင်မြတ်ညီနောင်စေတီတော်မြတ်ကြီး၏ ၆၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကြီးတွင် မြန်မာ့ရိုးရာနွားအလှနှင့် လှည်းပြိုင်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 31,2026
မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ကုတင်(၁၀၀)ဆံ့သင်ကြားရေးတိုင်းရင်းဆေးရုံကြီးတို့ ပူးပေါင်းစီစဉ်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် အသိပညာပေးဟောပြောပွဲ(၁/၂၀၂၆) အခမ်းအနားကို ဇန်နဝါရီလ ၂၉ ရက်၊ မွန်လွဲ ၂ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ ကုတင်(၁၀၀)ဆံ့ သင်ကြားရေးတိုင်းရင်းဆေးရုံ(မန္တလေး)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မအူပင်တက္ကသိုလ်၌ (အဝေးသင် သင်တန်း) စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
Jan 31,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ (အဝေးသင် သင်တန်း) စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားအား ယမန်နေ့နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မလှိုင်မြို့နယ်၌ ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည…
Jan 31,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တွင် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မလှိုင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 31,2026
မြဝတီမြို့တွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ ပပျောက်စေရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့၌ ပဉ္စမအကြိမ်မြောက် ဆေးပဋ္ဌာန်းအောင်ပွဲနှင့် ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းပွဲအခမ်းအနား ကျင်းပ
Jan 31,2026
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ပဉ္စမအကြိမ်မြောက် ဆေးပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ပုညကရဏ လေးထပ်ဓမ္မာရုံကြီး၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညိုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1439
Page
1440
Page
1441
Page
1442
Current page
1443
Page
1444
Page
1445
Page
1446
Page
1447
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department