Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကယားပြည်နယ်ဝန်ကြီးချုပ် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုအားပေး
Jan 31,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အစဉ်တစိုက်ဆောင်ရွက်လျက်ရှိရာယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦးသည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ဌာနဆိုင်ရာရုံးများ၊ ကျောင်းများ၌ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၊ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် (အဋ္ဌမ) အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲ ကျင်းပ
Jan 31,2026
မွန်ပြည်နယ်၊ သထုံမြို့၊ သိင်္ဂနိတ်တောင်ထိပ်ရှိ ဆံတော်ရှင်မြသပိတ်စေတီတော်မြတ်ကြီး၏ (၆၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် လိပ်အင်းရပ်ကွက်ရှိ ပဉ္စဂီရိ ချမ်းမြေ့စည် လောကီလောကုတ္တရာ ပညာသင်ကြားရေး သီလရှင်ကျောင်းမှ သီလရှင် ဆရာကြီး၊ ဆရာလေးများ၏ (အဋ္ဌမ)အကြိမ်မြောက် ကြာသင်္ကန်းဆက်ကပ်ပူဇော်ပွဲကို ဇန်နဝါရီ ၃၁ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်ရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲ အခမ်းအန…
Jan 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်ချက်မြင့်မားရေး ဘာသာရပ်ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နက်ပိုင်းက အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အမျိုးသားခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့က တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
(၉၄)ကြိမ်မြောက် မော်လမြိုင်မြို့လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ဒေသစာရီကြွချီ အပူဇော်ခံပွဲကျင်းပ
Jan 31,2026
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် (၉၄) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ညနေပိုင်းတွင် မြို့တွင်းလမ်းတစ်လျောက် သတ်မှတ်ထားသည့်လမ်းများအတိုင်း ကျောက်တန်းရပ်ကွက်မှ အောက်လမ်းမကြီးတစ်လျှောက် သိမ်ကုန်းလမ်းထိပ်ထိပထမရက်အဖြစ်လည်းကောင်း၊ ငန်းတေးရပ်ကွက်မှ မြိုင်သာယာရပ်ကွက်လမ်းအတိုင်း စျေးကြိုအဝိုင်းမှ မီးရထားဘူတာထိ ဒုတိယရက်အဖြစ် လည်းကောင်း၊ ညောင်ပင်ဆိပ်အမှတ်(၁)ကားဂိတ်ယာယီစံေကျာင်းမှ စတင်၍ ဒိုင်ဝန်ကွင်းလမ်းတစ်လျှောက် မီးသတ်စခန်းအရှေ့ထိ တတိယရက်အဖြစ်လည်းကောင်း၊ စတုတ္ထရက်နေ့တွင် မောရဝတီပန်းခြံရှေ့မှစတင်၍ ဗဟိုလမ်းအတိုင်း ကျိုက်သုတ်ဘုရား စေတီတော်အထိ အဖြစ်လည်းကောင်း လှည့်လည်အပူဇော်ခံကြသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေလုပ်ငန်းများဆောင်ရွက်
Jan 31,2026
ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန လမ်းညွှန်ဦးဆောင်မှုဖြင့် ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jan 31,2026
အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်ပညာရေးမှူးရုံး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးဆိုင်ရာ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီက စုပေါင်းရုံးမြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌လူနာများအား အခမဲ့ကုသပေး
Jan 31,2026
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခဒေါက်တာသန်းလွင် (အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက အထွေထွေရောဂါ ဖြစ်ပွားသော ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးကျော်အား အခမဲ့ကုသပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲအခမ်းအနား တက…
Jan 31,2026
မကွေးတိုင်းဒေသကြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မကွေးတက္ကသိုလ် ဘတ်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ အရာရှိကြီးများ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1438
Page
1439
Page
1440
Page
1441
Current page
1442
Page
1443
Page
1444
Page
1445
Page
1446
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department