Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့နယ်တွင် သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်
Jun 10,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ပြည်သူများသဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များသို့သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်၍ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းများ ကွင်းဆင်းကြည့်ရှု
Jun 10,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးက မိုးရာသီကာတွင် ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝ စွာသုံးစွဲခွင့် ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်သော လိုင်းတာဝန်ခံများနှင့် ဝန်ထမ်းများအဖွဲ့က မြို့သစ်မြို့နယ်၊ ကံကြီးဓာတ်အားခွဲစက်ရုံမှ လျှပ်စစ်ဓာတ်အား ရယူအသုံးပြုသော ၃၃ ကေဗွီ မြို့သစ် ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်းသွားရောက်ပြီး ဓာတ်အားလိုင်းများ ကြံ့ခိုင်ကောင်းမွန်ရေးပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်ရုံးရှေ့မြေစိုက်ဘုတ်တွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြသ
Jun 10,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက် ၁၀ နာရီက ပြသဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ပင်လုံမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ (၅၇) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင် ကျင်းပ
Jun 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော် သာသနာ့ရက္ခိတဗိမာန်တော်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ (၅၇)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီက မိုင်းယန်းမြို့အဝင်ဆိုင်းဘုတ်သစ်အနီး မြေကွက်လပ်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးမြို့စာဖြေဌာန၌ ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ဖူးမြော်ကြည်ညို
Jun 10,2025
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ ဇွန်လ(၉)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့စာဖြေဌာန၊ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး စာမေးပွဲ ကြီးကြပ်နာယကဆရာတော်ကြီးများအား သာသနာရေးဆိုင်ရများ လျှောက်ထားကာ နဝကမ္မအလှူငွေနှင့် အအေးဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့၌ ရာဂီမုန်တိုင်းကြောင့် စပါးသီးနှံများ ပျက်စီးမှုပေါ် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jun 10,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ်သည့် ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် သီးနှံများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် ကျိုင်းတောင်းမြို့ မြို့အုပ်ချုပ်ရေးမှူးရုံး(နမ့်တိန်း)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့ အ.ထ.က(ခွဲ)ကျောင်း၏ ကျောင်းကောင်စီ ကတိသစ္စာခံယူခြင်းအခမ်းအနား ကျင်းပ
Jun 10,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ကျောင်းကောင်စီကတိသစ္စာခံယူပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1438
Page
1439
Page
1440
Page
1441
Current page
1442
Page
1443
Page
1444
Page
1445
Page
1446
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department