Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန်သတ်မှတ်လျာထား
Jun 10,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်၂၀၂၅-၂၀၂၆ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက ၁၃၀၆၁ ဧက စိုက်ပျိုးသွားရန် သတ်မှတ်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာအ.လ.က(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jun 10,2025
လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်စေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကို ယနေ့နံနက်(၁၀)နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ညောင်နီကျေးရွာ အ.လ.က(ခွဲ)တွင် ကျင်းပရာ ရှေးဦးစွာ ညောင်နီကျေးရွာ အ.လ.က(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာအေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့၌ အခြေခံစားသောက်ကုန်များကို ပြည်သူများအားချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် အခြေခံစားသောက်ကုန်များကို ချိုသာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးစေနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၃) ရပ်ကွက်၊ မြို့သစ်ဈေး၌ ဆန်၊ ဆီနှင့် ကြက်ဥများကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်စီးပွားရေးရာဝန်ကြီး အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲသို့ တက်ရောက်
Jun 10,2025
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အခွန်ဘဏ္ဍာငွေတိုးတက်ကောက်ခံရရှိရေးနှင့် အခွန်ထမ်းများ အခွန်ဆိုင်ရာတည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် အခွန်ထမ်းပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်း ဆွေးနွေးပွဲကို မြစ်ကြီးနားမြို့ စုပေါင်းရုံးရှိ မနောရွှေပြည်ခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပ ပြုလုပ်ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွာရေးရာဝန်ကြီး ဦးမျိုးဆွေတက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟုမ္မလင်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်
Jun 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ မိုးရာသီတွင်ဖြစ်တတ်သည့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရေးအတွက် ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၇ နာရီတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှကြီးမှူး၍ အဘိတ်ဆေးခတ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝါးခယ်မမြို့နယ် ဌာနဆိုင်ရာများက တိုက္ကလားကျေးရွာရှိ ဒေသခံများအား တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ပေး
Jun 10,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာအုပ်စု၊ တိုက္ကလားကျေးရွာ၌ ဇွန်လ ၁၀ နံနက် ၁၁ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော အဖွဲ့မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့တွင် ၂၀၂၅ ခုနှစ်ပဋ္ဌာန်းကုသလတိက်ဘာသာရပ်နှင့် ဘာသာပြန်ဘာသာရပ်ကိုဖြေဆို
Jun 10,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၅ ခုနှစ် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုရာတွင် ပဋ္ဌာန်းကုသလတိက်ဘာသာရပ်နှင့်ဘာသာပြန်ဘာသာရပ်ကို မြောက်ကျောင်းပရိယတ္တိစာသင်တိုက်၌ ယနေ့မွန်းတည့်(၁၂)နာရီအချိန်က စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲ နောက်ဆုံးရက် ဖြေဆို
Jun 10,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကြီးကို ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင် ဇွန်လ(၄)ရက်မှစ၍ ဇွန်လ (၁၀) ရက်နေ့ထိ ကျင်းပလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1436
Page
1437
Page
1438
Page
1439
Current page
1440
Page
1441
Page
1442
Page
1443
Page
1444
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department