Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တော်ဝင်လင်း(REBC)ကိုယ်ပိုင်အထက်တန်းကျောင်း ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 31,2026
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် သီရိမာလာအနောက်(ပိုက်ကျုံး)ရပ်ကွက်၊ ကမ်းနားလမ်း၊၂၂×၂၆လမ်းကြားရှိ တော်ဝင်လင်း(REBC)ကိုယ်ပိုင်အထက်တန်းကျောင်း၊ ပညာရေးမိသားစု၏ (၂၂)နှစ်မြောက် နှစ်ပတ်လည်ပဒေသာကပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ဇန်နဝါရီလနောက်ဆုံးပတ်က ဟိုတယ်မန္တလေးတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လားရှိုးမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးဆွေးနွေးပို့ချခြင်း အခမ်းအနားကျင်းပ
Jan 31,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ အခြေခံပညာဦးစီးဌာနဖြင့် ပူးပေါင်း၍ တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုများရရှိစေရန်၊ ဆရာ၊ ဆရာမများ၏ သင်ကြားရေးအတွေ့အကြုံ ဘာသာရပ်ကျွမ်းကျင်မှုများမှတဆင့် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ပြီး တက္ကသိုလ်ဝင် စာမေးပွဲဆိုင်ရာ အတွေ့အကြုံများ အားကောင်းလာစေရန်၊ ကျောင်းသားကျောင်းသူများ၏စာမေးပွဲဆိုင်ရာယုံကြည်မှု ပိုမိုတိုးတက်အားကောင်းလာစေရန်နှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးပို့ချခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့် လုပ်ငန်းမ…
Jan 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်း ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့် ဒေသများတွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 31,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့၌ (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲ အခမ်းအနားကျင်းပ
Jan 31,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ကျင်းပပြုလုပ်ပူဇော်သည့် (၂၇)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းအောင်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချမ်းသာကြီး၊ ချမ်းသာရစေတီတော်မြတ်ကြီးရှိ အရုဏ်ခံတန်ဆောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zone စတင်ဆောင်ရွက်ခြင်းနှင့် Rice Export Zone တွင် ပါဝင်သော တောင်သူများအား လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲအခမ…
Jan 31,2026
ရန်ကုန်တိုင်းဒေသကြီးအတွင်း Rice Export Zone စတင်ဆောင်ရွက်ခြင်း၊ Rice Export Zone တွင် ပါဝင်သော တောင်သူများအား စိုက်ပျိုးစရိတ်၊ Drum Seeder များ ပေးအပ်ခြင်းနှင့် MAPCO-MFI (တန် ၅၀၀)၊ ခေတ်မီဆန်စက်တွင် Solar Energy (1000 kW)ထုတ်လုပ်သုံးစွဲမှု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ရှိ တစ်နေ့ တန် (၅၀၀) ခေတ်မီဆန်စက်နှင့် သိုလှောင်ရုံတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တိုက်ကြီးမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားသို့ တက်ရောက်…
Jan 31,2026
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင်ကျင်းပရာ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဇနီး ဒေါ်မော်မော်သန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများနှင့် တာဝန်ရှိသူများက တက်ရောက်အားပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘောလီဘောအားကစားပြိုင်ပွဲ ကျင်းပ
Jan 31,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊အမျိုးသမီး) ဘောလီဘောအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက် မွန်းလွဲ (၂)နာရီက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအားကစားရုံခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1440
Page
1441
Page
1442
Page
1443
Current page
1444
Page
1445
Page
1446
Page
1447
Page
1448
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department