အမြို့မြို့အနယ်နယ်သတင်းများ

Feb 01,2026
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အကြမ်းဖက်မှုဖြစ်စဥ်များကြောင့် ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ငွေများပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၃ နာရီအချိန်က မြစ်သားမြို့နယ် အနော်ရထာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Feb 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြပညာရေးဒီဂရီကောလိပ်တွင် လူငယ်စကားဝိုင်းနှင့် ကျပန်းစကားပြောပြိုင်ပွဲအား ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် မြို့နယ်လုံးဆိုင်ရာ မြန်မာ့ရိုးရာ စုပေါင်းထမနဲထိုးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက် (၇) နာရီက မော်လမြိုင်ကျွန်းမြို့ အမှတ် (၆) ရပ်ကွက်၊ စိန်ပန်းပတ်လမ်းရှိ သမ္မာသမ္ဗုဒ္ဓ မြို့ဦးစေတီတော်ဝန်းအတွင်း၌ ဖျော်ဖြေရေး အဖွဲ့များဖြင့် ကျင်းပခဲ့သည်။
Feb 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မျိုးစေ့ထုတ်နှင့် Rice Export Zone အကောင်အထည်ဖော်ဆောင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Feb 01,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပဒါန်းတပ်နယ်၏ဦးဆောင်မှုဖြင့် ၂၀၂၆ ခုနှစ် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို တပ်နယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများစုပေါင်း၍ မြို့နယ်လုံးကျွတ် စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၂ နာရီက ပဒါန်းအားကစားကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
Feb 01,2026
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ဘောလုံးကွင်း၌ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများမှ စုပေါင်း၍ စီစဉ်ကျင်းပသည့် မြန်မာ့ရိုးရာဓ‌လေ့တစ်ခုဖြစ်သည့် တပို့တွဲလထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
Feb 01,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
Feb 01,2026
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် တပို့တွဲလ စုပေါင်းထမနဲထိုးပွဲတော်ကို ယမန်နေ့ ညနေပိုင်းက စစ်တွေမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၌ ဝန်ထမ်းများ စုပေါင်းထမနဲထိုးနေမှုများကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။