လယ်ဝေး ဖေဖော်ဝါရီ ၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သဲကောကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လယ်ဝေးမြို့နယ် ဦးစီးမှူး ဒေါ်ဝေကြည်စန်းအောင်က (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြားပြီး စာပေဗိမာန်ဆုရ စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းကာ ဆုရရှိသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အကြို နံရံကပ်စာစောင်အား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)