ကျိုင်းတုံတက္ကသိုလ်၌ (အဝေးသင်သင်တန်း)ဝိဇ္ဇာတွဲ (သမိုင်း) ဘာသာရပ်အထူးပြု သင်တန်းသားများ၏ အာစရိယ ပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းနားကျင်းပ

ကျိုင်းတုံ အောက်တိုဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ (အဝေးသင်သင်တန်း)ဝိဇ္ဇာတွဲ၊ (သမိုင်း) ဘာသာရပ်အထူးပြု သင်တန်းသားများ၏ အာစရိယပူဇော်ပွဲနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲ  အခမ်းအနားကို ယမန့်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း ခေမာရဠ်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းနားတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော ကြပြီး ကန်တော့ပစ္စည်း များ ပေးအပ်ကြရာ ပါမောက္ခချုပ် ဒေါက်တာစမ်းစမ်းမာ၊ ဒုတိယပါ မောက္ခချုပ် ဒေါက်တာ မြမြခင်နှင့် သမိုင်းဌာနမှ ဌာနမှူး‌ဒေါက်တာ‌နွယ်နွယ်အောင်တို့က ဆုတောင်းမေတ္တာများပို့သပေးကြသည်။

ထို့နောက် တတိယနှစ်ကျောင်းသားတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပထမ နှစ်ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။    

ကျော်စိန်သန်း(ပြန်/ဆက်)