အထက်မင်းလှ အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၊ ရုံးရပ်မြောက်ရပ်ကွက်၊ တာဘောင်ကြီးလမ်း၊ မြို့နယ် ပြည်သူ့ဆေးရုံရှေ့တွင် ယနေ့နံနက်(၉)နာရီ အချိန်မှစတင်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူးရုံး(မလွန်)မှ ပြည်သူများ စားဝတ်နေရေးအဆင်ပြေမှု ရှိစေရေးအတွက် အခြေခံ စားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ဆန်(၁)ပြီ ၁၅၀၀ ကျပ်၊ ဆီ(၅၀)သား ၃၂၀၀ ကျပ်၊ နွားနို့(၁)ဘူး ၁၂၀၀ ကျပ်၊ ကြက်ဥ(၅)လုံး ၁၀၀၀ ကျပ်၊ ထမင်းကြက်သားပဲဟင်း အမယ်စုံ(၁)ဘူး ၁၂၀ ကျပ်နှင့် ဆား(၅၀)သား ၂၅၀ ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာရောင်းချပေးခဲ့ပြီး ဟင်းသီးဟင်းရွက် ကုန်ပစ္စည်းများလည်း ပါဝင်ကြောင်း သိရသည်။
အဆိုပါ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူးရုံး(မလွန်)မှ အပတ်စဉ် စနေနေ့တွင် မင်းလှမြို့၌ ရောင်းချပေးလျက်ရှိရာ ပြည်သူများက လွတ်လပ်စွာဖြင့် ဝယ်ယူလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)