အမြို့မြို့အနယ်နယ်သတင်းများ

Oct 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်ခရိုင်၊ မူဆယ်မြို့၊ တင်းနစ်အားကစားကွင်း၌ ယမန်နေ့ ညနေ ၅ နာရီအချိန်က ခရိုင်အားကစားနှင့်ကယပညာ ကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံတင်းနစ် ပြိုင်ပွဲဆုပေးပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။
Oct 23,2022
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်  နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီက ကျိုင်းတုံမြို့သစ် အာခါဈေး တွင် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 23,2022
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည်  ပြည်နယ်ဝန်ကြီးများနှင့်အတူ အပတ်စဉ် စနေနေ့တိုင်း မြစ်ကြီးနားမြို့သန့်ရှင်း သာယာလှပရေးအတွက် အခြေခံပညာကျောင်းများ၊ အများ ပြည်သူ အပန်းဖြေရာနေရာများ၊ ဘာသာရေးအဆောက်အအုံများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၂ ရက် နံနက် ၇နာရီခွဲက စီတာပူရပ်ကွက်ရှိ မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီဖွင့်လှစ်၍ ကျောင်းသား/ကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကင်းဝေးစေရေးအတွက် ယမန်နေ့နံနက်(၇)နာရီက အမှတ်(၁၂) ရပ်ကွက်၊
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌  ပြည်သူများစားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက် သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်နှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် သန့်ရှင်း လတ်ဆတ်သော အသားများကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၆ နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ အနော်ရ ထာလမ်း(၅၄ လမ်းတိုထိပ်)တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရ သည်။
Oct 23,2022
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားစာဖတ်ဝိုင်းဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၁ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 23,2022
ပြည်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍  ကောင်းကျိုးများကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့်ကရင်ပြည်နယ်၊ မြဝတီခရိုင်   ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
Oct 23,2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ စီစဉ်ကျင်းပသော ၂၀၂၂ ခုနှစ် မြန်မာ့သိုင်းအားကစား အဆင့်မြှင့်သင်တန်းဆင်းပွဲကို မာဂဓီသာစည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်း(၂)နာရီက ကျင်းပပြုလုပ်ခဲ့သည်။