ပုဇွန်တောင် အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပြည်သူများစားရေးသောက်ရေး အဆင်ပြေစေရန်၊ ဈေးနှုန်းသက် သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရန်၊ ဈေးများသို့ သွားရောက်၍ ဝယ်ယူစရာမလိုဘဲ စားသုံးနိုင်စေရန်နှင့် ဆန်၊ ဆီ၊ ကြက်ဥနှင့် သန့်ရှင်း လတ်ဆတ်သော အသားများကို ဝယ်ယူစားသုံးနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၆ နာရီ အချိန်က အမှတ်(၂)ရပ်ကွက်၊ အနော်ရ ထာလမ်း(၅၄ လမ်းတိုထိပ်)တွင် ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ပုဇွန်တောင်မြို့နယ်အတွင်းဈေးကားများဖြင့် သွားရောက်၍ ရောင်းချပေးရာတွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ကြက်သား၊ ဝက်သား၊ အမဲ သား၊ ဆိတ်သား စသည်တို့ကို လူတန်းစားမရွေး ဝယ်ယူနိုင်သည့်အလေးချိန်များနှင့် ဈေး နှုန်း သက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာ လက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင် သောအဖွဲ့မှ လိုအပ်သည်များ ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်