မြဝတီ အောက်တိုဘာ ၂၃
ပြည်သူများအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာနှင့်ပတ်သက်၍ ကောင်းကျိုးများကို သိရှိလိုသော ရည်ရွယ်ချက်ဖြင့်ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြန်မာ့တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာအသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြဝတီခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက ပြည်သူ့ အကျိုး ပြုဆွေးနွေးပွဲ (Talk Show)ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး မြို့နယ်တိုင်းရင်း သားဆေးပညာဦးစီးဌာနမှ လက်ထောက်ဒုတိယဦးစီးမှူး ဦးမျိုးမင်းသူကမိမိတို့တိုင်းရင်းဆေးပညာဌာနမှလူတိုင်းသက်တမ်းစေ့အသက်ရှည်စွာနေထိုင်ရေး၊ ရောဂါဘယကင်းရှင်ရေးအတွက် လုပ်ဆောင်နေသည့် ရည်မှန်း ချက်များ၊ရည်ရွယ်ချက်များ၊ ပြည်သူကိုဝန်ဆောင်မှုပေးရာတွင် မြို့ပေါ်ရပ်ကွက်များအပြင် ကျေးလက်ဒေသအဆင့်ထိ ကွင်းဆင်းဆောင်ရွက်ပေးကြောင်းနှင့် မြန်မာ့တိုင်းရင်းဆေး ပညာကုသနည်းဖြင့်ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ချက်များ သိကောင်းစရာတို့ကို အသေးစိတ် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)