ပုဇွန်တောင် အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်အားကစားစာဖတ်ဝိုင်းဆောင်ရွက်မှုကို ယမန်နေ့နံနက် ၁၁ နာရီကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်မှ တက်ရောက်လာသူ ကျောင်းသားလေးများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ မောင်ရဲဝင်းရေးသားသော မြန်မာ့အားကစားလူရည်ချွန်များစာအုပ်ကို ဖတ်ကြားဆွေးနွေးခဲ့ရာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားလေးများက ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအားမျှဝေတတ်စေရန်၊ စာပေမှရသောအသိအမြင်ဗဟုသုတများကို အသုံးချ၍တန်ဖိုးရှိသော လူမှုဘဝများဖြစ်လာစေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှရရှိသည့် ဗဟုသုတများဖြင့် အမှား/အမှန်ခွဲခြားနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်