အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့်​ မြို့ပေါ် ရပ်ကွက်/ကျေးရွာများနှင့် ဌာနဆိုင်ရာများသို့ စာအုပ်များအခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Nov 15,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Nov 15,2022
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီ စေတနာ လုပ်အားရှင်များ ဦးဆောင်ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၄)ဆင်းပွဲကို အမေ့အိမ်ကိုယ်ပိုင်ကျောင်း အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေပိုင်း (၃)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၉ နာရီ အချိန်က အထကကျိုက်မရော ပညာ့အားမာန်ခန်းမ၌ ပြုလုပ်သည်။
Nov 15,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဗူးဖြင့်လက်တွေ့မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2022
ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့်ဗဟုသုတများရရှိစေရန် စာပေကိုလက်ဝယ်အရောက်‌ လေ့လာဖတ်ရှုနိုင်‌စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့်သုတ/ ရသစသည့် စာအုပ်စာစောင်များကို ယနေ့နံနက်က ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။
Nov 15,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ကကျင်းပခဲ့ကြောင်း သိရသည်။