ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ကော့မှူး နိုဝင်ဘာ ၁၅

ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့်ဗဟုသုတများရရှိစေရန် စာပေကိုလက်ဝယ်အရောက်‌ လေ့လာဖတ်ရှုနိုင်‌စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့်သုတ/ ရသစသည့် စာအုပ်စာစောင်များကို ယနေ့နံနက်က ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးနေကြောင်း သိရသည်။

ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်ကျေးရွာနေစာပေဝါသနာရှင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန်ဝေဖန်ပိုင်းခြားတတ်ပြီး စာပေ၏အကျိုး‌ကျေးဇူးများအား သိရှိနားလည်စေရန်ရည်ရွယ်၍ စာဖတ်ပရိတ်သတ်များလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့်  ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့်သုတ/ရသစာအုပ် စာစောင်များစုံလင်စွာ ငှားရမ်းပေးနေပြီး ငှားရမ်း‌ပေးခဲ့သောစာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် ပြန်လှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါရွေ့လျားစာကြည့်တိုက်ယာဉ်တွင် စာပေဝါသနာရှင်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုနိုင်စေရန် သုတ/ရသမဂ္ဂဇင်း၊ ဝတ္တုနှင့်ရုပ်ပြစာအုပ်စုစုပေါင်း(၁၅၀၀)ကျော်ပါရှိပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်‌ကျေးရွာများသို့ အပတ်စဉ်လိုက်လံငှားရမ်းပေးနေကြောင်းသိရသည်။

ကျော်သူရ ပြန်/ဆက်