ပေါင်းတည် နိုဝင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံက်ပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဗူးဖြင့်လက်တွေ့မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနဦးစီးမှူးဦးစည်သူဝင်းက အရေးပေါ်မီးလောင်ကျွမ်းမှုဖြစ်ပေါ်လာပါက စနစ်တကျမီးငြိမ်းသတ်ရေးနည်းစနစ်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဝန်ထမ်းများသိရှိစေရန်ပြောကြားပြီးနောက် မီးငြိမ်းသတ်ရေးကရိယာအမျိုးမျိုးဖြင့် မီးသတ်ဆေးဗူးများအသုံးပြု၍ စနစ်တကျမီးငြိမ်းသတ်နည်းကိုလက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)