အမြို့မြို့အနယ်နယ်သတင်းများ

Dec 04,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်း အရုံးအလုပ်အမှုဆောင်အဖွဲ့(ယာယီ)က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
Dec 04,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (ပထမအပတ်) လူထုလမ်းလျှောက်ပွဲကို ယနေ့နံနက်(၅း၁၅)အချိန်တွင် အမှတ်(၄)လမ်းမကြီး သာဓုကန်လမ်းတွင် ကျင်းပခဲ့ကြောင်း သိရသည်၊
Dec 04,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ အားကစားလ (ပထမအပတ်) လူထုစုပေါင်း လမ်းလျှောက်ပွဲကို ယမန်နေ့ နံနက် ၅ နာရီခွဲအချိန်က ကျင်းပကြောင်း သိရသည်။
Dec 04,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝမ္ဘဲလူးကျေးရွာ အုပ်စု၊ ရွာတန်းရှည်ကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 04,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒီဇင်ဘာလ ပထမအပတ် လူထုလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှုများကို ယမန်နေ့ နံနက် ၆ နာရီ အချိန်က မင်းဘူးခရိုင် အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။
Dec 04,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့၊ အမှတ် (၂)ရပ်ကွက်ရှိ ငြိမ်းချမ်းမြေခန်းမ‌ဆောင်၌ မြို့တွင်းလမ်းနယ် သတ်မှတ်ရေးညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပခဲ့သည်။
Dec 04,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 04,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)တန့်ယန်းမြို့သို့ ဗုဒ္ဓရုပ်ပွားတော် (၁၀၈)ဆူနှင့် ရွှေထီးတော်အား စည်ကားသိုက်မြိုက်စွာ ပင့်ဆောင်လာမှုအပေါ် ယမန်နေ့ ၃ ရက်နေ့ နံနက်ပိုင်းက နောင်ချိုမြို့နယ် ဒေသခံပြည်သူများက ကြိုဆိုပူဇော်ခဲ့ကြကြောင်း သိရသည်။