တပ်ကုန်း ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်ဂီတအစည်း အရုံးအလုပ်အမှုဆောင်အဖွဲ့(ယာယီ)က လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ဂီတအစည်းအရုံး နာယကများ ဖြစ်ကြသည့် ဦးဇော်လွင်၊ ဦးတင်လွန်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ဂီတအစည်းအရုံး (ယာယီ)ဥက္ကဋ္ဌ ဦးကျော်စိုးလွင်က အဖွဲ့ဝင်များနှင့်အတူ ရန်ပုံငွေရှာဖွေရေး၊ လစဉ်ပုံမှန်အစည်း အဝေးပြုလုပ်နိုင်ရေးနှင့် မြို့နယ်ဂီတအစည်းအရုံးအဖွဲ့၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့ ပြီးနောက် တက်ရောက်လာသည့်အဖွဲ့ဝင်များက သိရှိလိုသည်များမေးမြန်းခဲ့ရာ နာယကများနှင့် (ယာယီ)ဥက္ကဋ္ဌတို့က ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်