မင်းဘူး ဒီဇင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဒီဇင်ဘာလ ပထမအပတ် လူထုလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှုများကို ယမန်နေ့ နံနက် ၆ နာရီ အချိန်က မင်းဘူးခရိုင် အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မင်းဘူးခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကာယနည်းပြများက ဦးဆောင်ပြီး ကွင်းအတွင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားအားကစား အကြောလျော့ လေ့ကျင့်ခန်းများဖြင့် လှုပ်ရှားဆောင်ရွက်ခဲ့ကြပြီး အားကစားလှုပ်ရှားမှုတွင် ပါဝင်ဆင်နွှဲကြသူများ အားလုံးကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နံနက်စာအဖြစ် ကောက်ညှင်းပေါင်းများ လိုက်လံဝေငှပေးခဲ့သည်။
အဆိုပါ လူထုလမ်းလျှောက်ပွဲနှင့် အားကစားလှုပ်ရှားမှုများ ဆောင်ရွက်ရာသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ပြည်သူအင်းအား ၁၂၀ ခန့် ပူးပေါင်းပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)